ဆေးဖက်ဝင် ယာကွန်စိုက်ခင်း
ယာကွန်အကြောင်းသိကောင်းစရာများ
ယာကွန်ကို
အပူလျော့ပိုင်းဒေသ အပူချိန် (၀ - 24 ဒီဂရီ
) နှင့် ပင်လယ်ရေမျက်နှာပြင်အမြင် ၈၀၀ မှ ၂၈၀၀ မီတာအမြင့်ရှိသော ဒေသများတွင်စိုက်ပျိုးနိုင်သည်။
ထို့ကြောင့် ရေမြေသဘာဝ ရာသီဥတုနှင့် ကိုက်ညီသော ကမ္ဘာတစ်ဝှမ်းရှိ
Brazil,Czech Republic, China, Korea,
Japan, New Zealand, Russia, Taiwan and United States စသောနိုင်ငံများတွင် စိုက်ပျိုးအောင်မြင်လျှက်ရှိပါသည်။
ဂျပန်၊ ဘရာဇီး နှင့် ပီရူးနိုင်ငံတို့တွင် ယာကွန်ရွက်ခြောက်ကို
ရေနွေးကြမ်းသောက်သလို သောက်သုံးပေးခြင်းအားဖြင့် သွေးအတွင်းရှိ ဂလူးကို့စ် ပမာဏကိုလျော့ကျစေနိုင်သောကြောင်း
ဆီးချိုသွေးချိုဝေဒနာရှင်များ သောက်သုံးလျှက်ရှိသည်။
ယာကွန်ပင်ကို
ဓါတ်မြေသြဇာ၊ ဓာတုပိုးသတ်ဆေးများကို အသုံးမပြုပဲ သဘာဝမြေသြဇာ၊ မြေဆွေးများဖြင့် စိုက်ပျိုးထားသောကြောင့်
အပင်၏သဘာဝအစွမ်းသတ္တိများ ပြည့်စုံစွာရရှိသည့်အပြင် ဓာတုဓာတ်ကြွင်းကြောင့်
ဖြစ်ပေါ်တတ်သော ဘေးထွက်ဆိုးကျိုးများမရှိပဲ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုစေနိုင်သည်။
သွေးတိုးရောဂါ
သက်သာစေရန် ယာကွန်အခြေခံသော သဘာဝနည်းဖြင့်ကုစားနိုင်ပါသည်။ ယာကွန်ရွက်ခြောက်ကို ဖန်ခွက်အတွင်း
ရေနွေးဆူဆူဖြင့် ခပ်သောက်ခြင်း (သို့မဟုတ်) ရေနွေးဓါတ်ဗူးဖြင့် ထည့်ခပ်ပြီး ရေနွေးကြမ်းသောက်သလို
သောက်သုံးနိုင်သည်။ တနေ့လျှင်ဖန်ခွက် (၃)လုံးခန့် နေ့စဉ် ပုံမှန် မပျက်မကွက် သောက်သုံးပေးခြင်းဖြင့်
ဆီးကောင်းခြင်း၊ ၀မ်းပျော ̸့ မှန်ခြင်း၊ သွေးတိုးရောဂါသက်သာစေခြင်းနှင့် ဆီးချိုသွေးချိုကျခြင်း
စသည့် အကျိုးကျေးဇူးများကို ရက်ပိုင်းအတွင်းသိသာစွာခံစားတွေ့ရှိနိုင်ပါသည်။ သွေးတိုးရောဂါခံစားနေရသူများအတွက်
ဆေးဖက်ဝင်ယာကွန်သည် အသင့်တော်ဆုံးဖြစ်သည်။