ယာကွန်ဥ
ယာကွန်ဥသည် သဘာဝကပေးသော အလွန်အစွမ်းထက်သည့်
ဆေးဖက်ဝင် အဟာရဓာတ်များ ပါဝင်ပြီး grown apple ဟုလည်းကောင်း super food ဟုလည်းကောင်း
တင်းစားခေါ်ဝေါ်ခြင်းခံရသည့် အဥဖြစ်သည်။ ယာကွန်သည် တောင်အမေရိကတိုက် ပီရူးနိုင်ငံရှိ
ကုန်းပြင်မြင့်မှ ဖြစ်ထွန်းအောင်မြင်ပြီး ယခုမြန်မာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း နောင်တရားမြို့တွင်
စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျှက်ရှိသည်။ ယာကွန်ဥသည် အရည်ရွှမ်းပြီး ကြွပ်ဆပ်ကာ ချိုသောအရသာရှိပြီး
၎င်းအချိုဓာတ်သည် သွေးချိုဆီးချိုဝေဒနာရှင်များအတွက်
အန္တရာယ်မရှိသောကြောင့်
တစ်ခုတည်းသော အချိုပါသည့်အစားအစာဟု သုတေသနပညာရှင်များက မှတ်တမ်းတင်ထားပါသည်။ သုံးစွဲကြသူအများစုမှာ
ခန္ဓာကိုယ်အလေးချိန် လျော့ချရာတွင်
အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ယာကွန်ကိုပုံမှန် သုံးစွဲကြသည်။
- သွေးအတွင်းရှိ တစ်ဆို့နေသောအရာများအားဖယ်ရှားပေးသောကြောင့် သွေးလည်ပတ်မှု အားကောင်းစေနိုင်သောကြောင့် နှလုံးတိုက်ခိုက်ခံရခြင်း၊ နှလုံးရုတ်တရက်ရပ်ခြင်းတို့ကို ကာကွယ်စေနိုင်သည့်အပြင် သွေးတိုးရောဂါကို သက်သာစေနိုင်သည်။
- ဆီးချိုသွေးချို ဝေဒနာရှင်များစားသုံးပေးပါက သွေးအတွင်းရှိအချိုဓာက်ကို မြင့်တက်စေနိုင်ခြင်းမရှိပဲ ထိန်းညှိပေးသောအာနိသင်ရှိပါသည်။
- ယာကွန်ဥတွင် ဗီတာမင် A, C, E ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် ကိုယ်ခံစွမ်းအား ပိုမိုကောင်းမွန်စေနိုင်သည်။
- သွေးတိုးရောဂါရှိသူများအတွက် ပုံမှန်ထက်မြင့်မားနေသော သွေးပေါင်ချိန်ကို အနည်းဆုံး ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ထိန်းညှိလျှော့ချပေးနိုင်ပါသည်။
- ရှိသင့်သည့်ပမာဏထက် ကျော်လွန်နေသော ကိုလက်စထရော ပမာဏကို လျှောချပေးနိုင်သည့်အပြင် သွေးပျစ်ခဲမှုအခြေအနေကို ပုံမှန်အခြေအနေသို့ လျှော့ချထိန်းညှိပေးနိုင်ပါသည်။
- အူမကြီးအတွင်းရှိ အကျိုးမပြုသည့် ဘက်တီးရီးယားနှင့် စွန့်ပစ်ရမည့် အရာများကို ဖယ်ရှားပေးသောကြောင့် အူမကြီး၏ လုပ်ဆောင်ချက်ကို ကောင်းမွန် ချောမွေ့စေနိုင်သည့်အပြင် အူမကြီးကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်စေနိုင်သည်။
- အသည်းအားကောင်းစေနိုင်သည်။
Nutritional table of
yacon (100 gr peeled fresh root)
Compound
Range
|
Water 85
– 90 g
FOS
6 – 12 g
Simple sugars*
1.5 – 4 g
Proteins
0.1 – 0.5 g
Potassium
185 – 295 mg
Calcium
6 – 13 mg
Calories
14 – 22 kcal
|
* Includes sucrose, fructose and glucose.
စွမ်းမဟာ ယာကွန် ထုတ်လုပ်ဖြန့်ချိရေး
နောင်တရားမြို့ 09 49358398၊ 09
428370294။
http://www.swammaharyacon.weebly.com
ဝယ်ယူလို့ရတဲ့စိုက်ခင်းလေးများမရှိဘူးလား
ReplyDeleteအများကြီးလိုချင်လို့ပါ